တငွေ့ ငွေ့ နဲ့ ရှိနေချေပြီ
နံနက်ခင်းက ငါ့ကို ချက်ချင်းပင်
လတ်ဆက်စေခဲ့
ငါ့ဘ၀က ဇကာတစ်ချပ်လောက်ပဲ
ကျယ်ဝန်းတယ်။
လောကဒဏ် ပိုးဆိုးပက်ဆက် ခံရဘူးတဲ့
မုဆိုးမအိုကြီးရဲ့ ကြမ်းတမ်းသော
လက်ဖြင့် ယူယခြင်းကို ငါခံနေရတယ်။
မကြာခင်မှာ ၃၂ ယောက်သော
လူဖြူကြီးများက ငါ့အား
ထိုးကြိတ်၍ ချောက်ထဲသို့
ကန်ချခြင်းကို ငါခံရတော့မယ်။
လွတ်အောင်မရုန်းနိုင်သော ငါ့ဘဝ
သူတို့ချည်းပဲ နှိပ်ဆက်နေတယ်။
မိနစ်ပိုင်းသာ ကြာရှည်ခံသော
ငါ့ရဲ့ ပျော်ရွှင်ခြင်း ကမ္ဘာကို
သူတို့ဖျက်ဆီးကြတော့မည်။
မလှမ်းမကမ်း လက်တစ်ကမ်းမှာ
ငါ့ကိုသိပ်လှတဲ့ မိန်းကလေးတစ်ယောက်
လက်ညှိုးထိုးပြနေပြီ သူရဲ့ ညင်သာလွန်းတဲ့
လက်နဲ့ငါ့ကို တို့ထိနေတယ်။
သူပြောလိုက်တာက . . . . .
“အန်တီ ဒီ ဗရာကြော်လေးကို ပြန်နွေးပေးပါ”
“တောက်” မင်းမို့လို့ လုပ်ရက်တယ်ကွာ . . .
ပူတယ်ကွ . . . . . . .။
MELODY