AUGUST 27
 
[email protected] က သူငယ်ချင်းတွေ အားပေးလို့ တင်လိုက်တာပါ။ [email protected] က သူငယ်ချင်းတွေ ကျေးဇူး။
                                                                                                   
လှပတဲ့ ဘ၀တွေအောက်
ခဏခဏပျောက်ခဲ့ရတဲ့ ရည်မှန်းချက်တွေ
အတိတ်တွေကို ခဏခဏ မျိုချ
ငါဟာ မနက်လင်းခဲ့ပြီ . . . . .

သံစဉ်လှိုင်းတွေနဲ့ ယိမ်းထိုးကခုန်တဲ့
ငါ့ရဲ့ ၀ိဥာဉ်တွေ
တစ်ရက်ပြီး တစ်ရက် အသက်ဆက်ဖို့အတွက်
ငါရဲ့ မြို့ပြညတွေ
မီးရောင် မှိန်မှိန်ကြား
ရှင်သန်ဖို့ ကြိုးစားခဲ့တာ
ခရီးလမ်းတောင် ပျောက်ခဲ့ရပြီ။

ငါ ရာဇဘွား ခဏ ခဏလည်း
ဘာမှန်းမသိတဲ့ ညတွေနဲ့
တွဲလျှောက်ခဲ့ဖူးတယ်။

လူတွေရဲ့ ကောက်ကျစ်တဲ့ဒဏ်
ခံရတာလည်းများလှပြီ။
အမှတ်မရှိတဲ့ အသဲ(သည်း)
ခဏခဏလည်းကွဲဖူးပြီ။

ဒီလိုနဲ့ အိပ်မက်ထဲက လူးလဲထ
ပျောက်ခဲ့တဲ့လမ်းတွေကိုလိုက်ရှာ
အမြင့်ပျံငှက်တွေတောင် အိပ်တန်းဝင် နေပါရောလား။



မင်းမင်း
၂၄-၈-၂၀၀၉

[email protected] က သူငယ်ချင်းတွေကို ပို့တုန်းကခေါင်းစဉ်းက “လေလွင့်ခရီး” ပါ အခု သူငယ်ချင်တစ်ယောက်က ပြောင်းခိုင်းလို့ “လေလွင့်ခရီးသည်” လို့ ပြောင်းလိုက်ပါတယ်။ သူငယ်ချင်း အေးချမ်းဖြူ ကို ကျေးဇူးတင်ပါတယ်။
 
ငါ့ဘ၀ အညတြရဲ့ ရင်ဟာ
ခံစားချက်ထုထည်
ထိုင်လျက်ပဲ အတိတ်မေ့လို့ပေါ့။

ငါ့လိုပဲ ငါ့အဖော်
ငါ့ရဲ့ ဒုက္ခကိုပါ ပေါင်းသင်းလို့
မျက်ရည်လည်ရွဲ
ပျော်ပါးနေပြန်ပါတော့တယ်။

သူငယ်ချင်းပြောစမ်း
မင်းရင်ထဲက ငါ့ဘ၀ . . .
မင်းအမြင် . . .
“ဘ၀ဆိုတာ သီချင်းတစ်ပုဒ်လိုပဲ
အနိမ့်အမြင့် အတက်အကျတော့ ရှိတယ်လေ။

မင်းမင်း
 
ခဏခဏပဲ ပြုတ်ပြုတ်ကျနေတာ
ဘာသံမှ မကြားဘဲ
ရင်နာခဲ့ရတာ အကြိမ်ကြိမ်ပေါ့
မနက်ခင်းသောက်တဲ့
ကော်ဖီတစ်ခွက်လောက် မကောင်းပေမယ့်
ပူလောင်တာတော့ အတူတူပဲလေ။
ပြီးတော့ . . . . .
(ငါ့) နှလုံးသားလဲ အခုန်မြန်လာတယ်
ငါတွေ့လိုက်တယ်။
ပြိုင်မြင်းတစ်ကောင်ကို စီးလာသလိုပဲ
လျှပ်တပြတ်ပေါ့
ဘယ်အရာမှ ဖုံးကွယ်လို့ မရတာသေချာတယ်
တဖြေးဖြေးနဲ့ ငါတို့ရဲ့
နှလုံးသားတွေ နီးလာတယ်။
နောက်တော့
တဖြေးဖြေးနဲ့
ရင်ခုန်သံတွေ . . . . .
ပျောက် . . . ရှ . . . ကွဲ . . . အက် လို့ပေါ့။

မင်းမင်း
 
ငါတို့ရဲ့ ဘဝ
RC က စ
သစ်ပုပ်ပင်က ဘ၀အကြောင်းပြော
ကံ့ကော်တန်းက အချစ်အကြောင်းပြော
ဘွဲ့နှင်းသဘင်က မမိုက်ဖို့ပြော
ငါကတော့ . . .
ဘာမှ ဂရုမစိုက်သလို မျက်နှာနဲ့ပေါ့။

“စားပြီးပြီလား”
တစ်ချက်လှည့်ကြည့်
အမှတ်မရှိတဲ့ ဦးနှောက်
ဘယ်သူဘယ်ဝါလို့ ငါမသိ
တစ်ခန်းထဲ အတန်းသား
ငါမသိတာ ဆန်းသလား
(အတန်းမှ မမှန်တာ)

မျက်နှာတန်းမိ
ငါသိလာတယ်
သူတို့လေးယောက်
ပေါင်းမိပြန်တော့
ငါတောင် မြို့ ပြဆန်လာပြီ။

မင်းမင်း

ကဗျာလေးတွေပါ။