AUGUST 27
 
ငါတို့ရဲ့ ဘဝ
RC က စ
သစ်ပုပ်ပင်က ဘ၀အကြောင်းပြော
ကံ့ကော်တန်းက အချစ်အကြောင်းပြော
ဘွဲ့နှင်းသဘင်က မမိုက်ဖို့ပြော
ငါကတော့ . . .
ဘာမှ ဂရုမစိုက်သလို မျက်နှာနဲ့ပေါ့။

“စားပြီးပြီလား”
တစ်ချက်လှည့်ကြည့်
အမှတ်မရှိတဲ့ ဦးနှောက်
ဘယ်သူဘယ်ဝါလို့ ငါမသိ
တစ်ခန်းထဲ အတန်းသား
ငါမသိတာ ဆန်းသလား
(အတန်းမှ မမှန်တာ)

မျက်နှာတန်းမိ
ငါသိလာတယ်
သူတို့လေးယောက်
ပေါင်းမိပြန်တော့
ငါတောင် မြို့ ပြဆန်လာပြီ။

မင်းမင်း

ကဗျာလေးတွေပါ။