လောကဓံလှိုင်းပွင့်တွေ လူးခတ်
ငါ ဘယ်လိုကူးဖြတ်ခဲ့ရလဲ??
သူရဲကောင်း ထင်မှာစိုးတာနဲ့
ပြောမပြခဲ့ဘူး...။
အရှင်းဆုံးပုံစံနဲ့ပြရရင်
ငါကျခဲ့တဲ့ချောက်
ကောင်းကင်ဘုံပျောက်ဆုံးခဲ့.....။
လုံးဝကိုပြန်မရတဲ့
စတေးခံ လွတ်လပ်ခြင်း
လကြတ်ယင်းနေကွယ်
အမှောင်တွေပဲနွယ်တုန်း.......။
အ၀ိစိမှာပွင့်တဲ့ပန်းက
နတ်နန်းတံခါးခေါက်ခွင့်ရဖို့
ကြမ္မာဝန်ထုပ်ထမ်းပြတာ
ဘ၀ဟာကျွဲပခုံးထလာခဲ့........။
ငါ့အနာဂတ်ကို
ကတ္တရာ မခင်းတော့ဘူး
ကိုယ်မှ မနင်းရတာ.......။
လင်းလွန်းသျှင်