AUGUST 27
 
မြစ်ကျိုးအင်းထဲက
အချစ်တွေကို ဖမ်းယူဘို့
ကြိုးစားနေတဲ့
လူတစ်ယောက် . . . .။

ဘာမှနားမလည်တဲ့
လပေါ်က ယုန်သူငယ်ကို
အဲ့ဒီ့  ဆောင်းရာသီက
ဂစ်တာတစ်လက်နဲ့
ယောက်ယက်ခတ်နေလေရဲ့    . . . . . ။

လမြစ်တစင်းပေါ်က
ခုန်ချဖို့ ကြိုးစားနေတဲ့
အဖိုးအိုတစ်ဦး
သူ့  ရဲ့  ရင်ဘတ်ထဲက
မှန်တစ်ချပ်မှာ
ငါ . . . . .
(မင်း) ကြည့်တတ်ဖို့တော့ လိုမယ်။

မင်းမင်း
၁၅-၆-၂၀၀၁
၁၇း ၀၅

ကဗျာလေးတွေပါ။