AUGUST 27
 
[email protected] က သူငယ်ချင်းတွေ အားပေးလို့ တင်လိုက်တာပါ။ [email protected] က သူငယ်ချင်းတွေ ကျေးဇူး။
                                                                                                   
လှပတဲ့ ဘ၀တွေအောက်
ခဏခဏပျောက်ခဲ့ရတဲ့ ရည်မှန်းချက်တွေ
အတိတ်တွေကို ခဏခဏ မျိုချ
ငါဟာ မနက်လင်းခဲ့ပြီ . . . . .

သံစဉ်လှိုင်းတွေနဲ့ ယိမ်းထိုးကခုန်တဲ့
ငါ့ရဲ့ ၀ိဥာဉ်တွေ
တစ်ရက်ပြီး တစ်ရက် အသက်ဆက်ဖို့အတွက်
ငါရဲ့ မြို့ပြညတွေ
မီးရောင် မှိန်မှိန်ကြား
ရှင်သန်ဖို့ ကြိုးစားခဲ့တာ
ခရီးလမ်းတောင် ပျောက်ခဲ့ရပြီ။

ငါ ရာဇဘွား ခဏ ခဏလည်း
ဘာမှန်းမသိတဲ့ ညတွေနဲ့
တွဲလျှောက်ခဲ့ဖူးတယ်။

လူတွေရဲ့ ကောက်ကျစ်တဲ့ဒဏ်
ခံရတာလည်းများလှပြီ။
အမှတ်မရှိတဲ့ အသဲ(သည်း)
ခဏခဏလည်းကွဲဖူးပြီ။

ဒီလိုနဲ့ အိပ်မက်ထဲက လူးလဲထ
ပျောက်ခဲ့တဲ့လမ်းတွေကိုလိုက်ရှာ
အမြင့်ပျံငှက်တွေတောင် အိပ်တန်းဝင် နေပါရောလား။



မင်းမင်း
၂၄-၈-၂၀၀၉

[email protected] က သူငယ်ချင်းတွေကို ပို့တုန်းကခေါင်းစဉ်းက “လေလွင့်ခရီး” ပါ အခု သူငယ်ချင်တစ်ယောက်က ပြောင်းခိုင်းလို့ “လေလွင့်ခရီးသည်” လို့ ပြောင်းလိုက်ပါတယ်။ သူငယ်ချင်း အေးချမ်းဖြူ ကို ကျေးဇူးတင်ပါတယ်။

ကဗျာလေးတွေပါ။