AUGUST 27
 
ကောင်းကင်တဆုံးတဖျား
ကြားရတဲ့ အသံ
ဆန္ဒရှိမယ်ဆိုရင်
နောက်တစ်ခါ .....
နောက်တစ် ..... ခါ
နောက်.....တစ် ..... ခါ
ငါ့ဆီလာခဲ့ပါ။

သွေ့  ခြောက်တဲ့ နှလုံးသား
ရက်ပေါင်းများစွာ မိုးခေါင်ခဲ့ပြီ
ဖုန်ထူတဲ့လမ်းပေါ်
မခန့်လေးစား ဖြတ်လျှောက်လို့
အားအင်ကုန်ခန်း မောလျလွန်းနေပြီ။

အိမ်ပြန်သူတို့က
စောင်းငဲ့ကြည့် ပြုံးရယ်လို့
ဖရိုဖရဲ လဲလျောင်းနေတဲ့ ငါ့စိတ်တွေ
ဂရုဏာ ရသမြောက်အောင်
မပြောနိုင်တဲ့ ငါ့အသံနဲ့
စိတ်တွေကို မသိမသာ ခေါက်သိမ်း
ငါ . . . အိမ်ပြန်ခဲ့ပြီ။

မင်းမင်း
၂၉-၁၁-၂၀၀၁ (THU)
၀၁း ၅၅ (AM)

ကဗျာလေးတွေပါ။