မင်းအလိုရှိရင်
ငရဲကို ပန်းခင်းအဖြစ်ပြောင်းနှင့်ဖို့
ငါ အမြဲ အသင့်ရှိနေတယ်.....။
ဒါပေမယ့်
ငါ့ကျားလျှာလက်ထဲမှာ
ဝါဂွမ်းပွင့် ဘ၀လေး
ကြေပျက်လွင့် နိုးနိုးနဲ့
အရိပ်ပဲ မိုးပေးခဲ့တာ....။
အနမ်းတရှိုက်ကို
မိုက်မိုက်မဲမဲ ဆာလောင်
သွေးယောင်ဆောင် နှုတ်ခမ်း
ငါ့ အတိတ်ရဲ့ ကြမ်းတမ်းခြင်းအောက်
လင်း...မှိုင်း...စွာ နစ်ပျောက်ခဲ့......။
အနောက်က နေ ထွက်တာမဟုတ်ဘူး
ဘ၀မှာ အနောက် အရပ်တမျိုးပဲ
တန်ဖိုးမဲ့ တိုက်ဆိုင်နေတာ
သံလိုက်တွေလည်း မှားကောင်းဆဲ
သုံးချက်ညီစွာ လမ်းခွဲလို့
အသည်းကို ရထားကြိတ်ခံခဲ့တယ် ။ ။
လင်းလွန်းသျှင်